ၾကားသိရသမွ်

လစာ၁၄သိန်း ရနေပေမယ့် အလုပ်က ထွက်ပြီး ကိုယ်ပိုင် လုပ်ငန်းလုပ်တော့မယ့် တပည့်အတွက် ဂုဏ်ပြုချီး​မြင့်ငွေ သိန်း၁၀၀ ချီးမြှင့် ပေးခဲ့တဲ့ 29ရတနာဆိုင် ပိုင်ရှင်

(Zawgyiျဖင့္ ဖတ္ရန္)

လစာ 14 သိန္း ရေနတာကိုအလုပ္ကထြက္ၿပီး ကိုယ္ပိုင္ ပန္းထိမ္ေထာင္ေတာ့မယ့္တပည့္ အတြက္ ဂုဏ္ျပဳ ခ်ီးျမႇင့္ေငြ သိန္း 100ခ်ီးျမႇင့္ခဲ့တဲ့ 29ရတနာဆိုင္ပိုင္ရွင္

29ရတနာဆိုင္ ဆိုတာကေတာ့ ယခုႏွစ္ပိုင္းေတြမွာ တႏိုင္ငံလံုး မသိတဲ့သူ မရိွသေလာက္ကို ေက်ာ္ၾကားလာတဲ့ ရတနာဆိုင္ႀကီး တစ္ဆိုင္ပဲ ျဖစ္ပါတယ္ေနာ္။

ရတနာဆိုင္ႀကီးႀကီး တစ္ဆိုင္ျဖစ္လို႔ ေၾကာ္ျငာအား ေကာင္းလို႔ လူသိမ်ားလာတာ ဆိုတာထက္ ရတနာဆိုင္ပိုင္ရွင္ ေမာင္ႏွံရဲ့ စိတ္သေဘာထား ေကာင္းမႈ ဆက္ဆံေရးေကာင္းမြန္မႈ တို႔ေၾကာင့္

လူပိုသိၿပီး ပိုေအာင္ျမင္လာတာလို႔လည္း ဆိုႏိုင္မယ္ ထင္ပါတယ္ေနာ္။ ဒါ့အျပင္ 29ရဲ့ဝန္ထမ္းေတြ သရုပ္ေဆာင္ထားတဲ့ စိတ္ကူးေကာင္းေကာင္းနဲ႔ Short Filmေလးေတြကလည္း

သူတို႔ရတနာဆိုင္ ေပ့ခ်္မွာ တင္ေလတိုင္း ပရိသတ္ရဲ့ ႏွစ္သက္ အားေပးမႈေတြကို အၿမဲရေလ့ ရိွတာကိုလည္း ေတြ့ျမင္ ရပါတယ္။ ယခုလည္း ဒီႏိုင္ငံရဲ့ လုပ္ငန္းရွင္နဲ႔ ဝန္ထမ္းၾကားမွာ

ျမင္ေတြ့ခြင့္ ရႏိုင္ခဲေသာ၊ ေတြ့ရခဲေသာ ဆက္ဆံေရး၊ လုပ္ငန္းရွင္ သူေဌးတို႔ စံနမူနာ ယူသင့္ေသာ လုပ္ရပ္တစ္ခုကို 29ပိုင္ရွင္ ဇနီးေမာင္ႏွံမွ စိတ္ေစတနာ ေကာင္းမြန္စြာျဖင့္ ေရ႔ွေဆာင္ ထမ္းရြက္ ျပလိုက္ ျပန္ပါတယ္။

“လြန္ခဲ့တဲ့ 5 ႏွစ္ေက်ာ္က တအိမ္ဝင္တအိမ္ထြက္ ျမန္မာျပည္အႏွံ႔ စိန္ထည္ေတြ ပတ္ေရာင္းလာကတည္းက ကိုယ္ပိုင္ ပန္းထိမ္ေထာင္မယ္ဆိုတဲ့ စိတ္ကူးနဲ႔ သင္တပည့္ ေမြးဖို႔ ေရစႀကိဳက ကေလးေတြ စေခၚျဖစ္ခဲ့တယ္ေပါ့။

ကိုယ္ခတ္တဲ့ စိန္ထည္ ေရႊထည္ေတြကို ေရႊရည္အျပည့္ရခ်င္ စိတ္တစ္ခုတည္းနဲ႔ ပန္းထိမ္သာ ေထာင္ခ်င္တာ တကယ္ေတာ့ ကြၽန္ေတာ္က ပန္းထိမ္မလုပ္တတ္ဘူးရယ္။

အဲ့ဒီေတာ့ တျခား ပန္းထိမ္ဖိုမွာ သင္တန္းေၾကးေပး စေပၚေငြပါ စိုက္ေပး သင္တပည့္ ကေလးေတြကို ေနေရးထိုင္ေရး စားေရး သြားေရးကအစ အကုန္အက်ခံ သင္တန္းအပ္ေပးခဲ့ရတာ ကုန္က်စရိတ္အားလံုးေပါင္းရရင္ နည္းတာမဟုတ္ဘူး။

အဲ့ဒီေတာ့ အေရာင္းသမား သင္တပည့္ဆို တမ်ိဳး၊ ပန္းထိမ္ သင္တပည့္ဆို တစ္မ်ိဳး စာခ်ဳပ္စာတန္းနဲ႔ ကိုေသခ်ာလုပ္ျဖစ္ခဲ့တာ ၊ ဘာျဖစ္လို႔လဲ ဆိုေတာ့ သူတို႔ေတြကို ကိုယ့္လိုဘဲ ေအာင္ျမင္ေစ ခ်င္တယ္ေလ။

အဓိက စည္းကမ္းက ဘာလဲဆိုေတာ့ အရက္မေသာက္ရ၊ ကြမ္းမစားရ၊ ေဆးလိပ္ မေသာက္ရ၊ ရည္းစားမထားရ၊ ဖုန္းမသံုးရ ဆိုၿပီး လူငယ္ေတြကို လမ္းေၾကာင္းလြဲ ပ်က္စီးေစတဲ့ ဒီအခ်က္ေတြကို

ေသေသခ်ာေလး Train ေပးျဖစ္ခဲ့တယ္။ ဒီစည္းကမ္းကို ကေလးမိဘေတြက သေဘာက် ၾကတယ္။ သူတို႔ ကေလးေတြ မပ်က္စီးဘူးေပါ့ ဒါေပမဲ့ ကိုယ့္မွာေတာ့ လူဆိုးထိန္းႀကီးကို ျဖစ္လို႔။

စည္းကမ္းခ်ိဳးေဖာက္လို႔ မလိုက္နာႏိုင္လို႔ ျပန္လႊတ္၊ ျပန္သြားရတဲ့သူ တခ်ိဳ႕ရဲ့ မိဘေတြက သူတို႔သားသမီး အျပစ္မျမင္ဘဲ ကိုယ့္အေပၚ မေကာင္း ေျပာဆို အျပစ္တင္ လက္ၫွိုးထိုး ခံခဲ့ရတာေတြ ရိွသလို

ကိုယ့္စည္းကမ္းထဲ ေဘာင္ဝင္ေအာင္ ေနနိင္တဲ့သူေတြ က်ေတာ့လည္း ရလာဒ္ေကာင္း ေတြနဲ႔ ပီတိျဖစ္ရတာေတြလည္း မနည္းဘူးေပါ့ဗ်ာ။ ဒီအထဲမွာ အခုလို အတန္းပညာအားျဖင့္ ၃တန္းနဲ႔ ေက်ာင္းထြက္

ကိုရင္ဝတ္ၿပီး ၁၆ႏွစ္ ကိုရင္ထြက္ေတာ့မွ ကြၽန္ေတာ့္ဆီ ေရာက္လာတဲ့ ကိုရင္လူထြက္ နိင္လင္းတို႔လို႔ တကယ္ ရိုးသား ႀကိဳးစား ဘဝနာ ေအာက္ေျခပါတဲ့ ကေလးမ်ိဳးက်

ကိုယ္မေမြးထားေပမဲ့ ကိုယ္ေမြးထားတဲ့ သားသမီးလို သံေယာဇဉ္ေတြကိုျဖစ္လို႔။ ေနစားၿငိမ္း လစာ 14 သိန္းေလာက္ ရေနတာကို စာခ်ဳပ္ 5 ႏွစ္ျပည့္ၿပီဆိုေတာ့ ကိုယ္ပိုင္ခြဲလုပ္ခ်င္တယ္ဆိုေတာ့

ကိုယ့္မွာ ဝမ္းနည္း ဝမ္းသာ ျဖစ္ရတာေပါ့ဗ်ာ၊ ဝမ္းနည္းတာက ညာလက္ရံုး ျပဳတ္သြားရံုမက ကိုယ္ခ်စ္တဲ့ သူေတြနဲ႔ ခြဲခြါရလို႔ ဝမ္းသာတာကေတာ့

ကြၽန္ေတာ္ျဖစ္ေစခ်င္တဲ့ ကိုယ္ပိုင္ လုပ္ငန္းရွင္ ျဖစ္ခ်င္တဲ့ သူ႔ရဲ့ ဇြဲလံု႔လနဲ႔ ႀကိဳးစားမႈေတြနဲ႔ ေအာင္ျမင္မယ္လို႔ ျမင္လို႔၊ အဲ့ဒီေတာ့ ကိုယ့္တပည့္ေတြထဲက ကိုယ့္လို ေအာင္ျမင္တဲ့ လုပ္ငန္းရွင္ ၃ဦး

အနည္းဆံုး ေမြးထုတ္နိင္ရမယ္ ဆိုတဲ့ ကြၽန္ေတာ့္ရဲ့ ရည္မွန္းခ်က္အရ သူထြက္သြားေပမယ့္ သူေအာင္ျမင္ဖို႔ ကိုယ့္မွာ တာဝန္မကင္းေသးဘူးလို႔ ကိုယ့္ဘာသာ ခံယူထားတာမို႔

သူ႔ကို ခြန္အားျဖစ္ေစဖို႔ ဒီ သိန္း ၁၀၀ ကို အစျပဳေပးခဲ့ တာေပါ့ဗ်ာ” လို႔ ၂၉ ရတနာပိုင္ရွင္က သူ႔ရဲ့လူမူ႔ကြန္ရက္စာမ်က္ႏွာမွာ ေရးသားလာ ခဲ့တာကို ေတြ့ျမင္ရသလို

၂၉ေပခ့်္မွာလည္း တကယ္ေတာ္ၿပီး တကယ္ထက္ျမက္တဲ့ တပည့္ေက်ာ္အတြက္ ႏႈတ္ဆက္ခ်ီးျမႇင့္ေငြ သိန္း၁၀၀ Surprise လုပ္ခဲ့တာကို Liveလႊင့္ၿပီး ေပ်ာ္ရႊင္စြာ က်င္းပခဲ့ပါတယ္။

ျမင္သူတိုင္းကလည္း မ်က္ရည္က်တဲ့ အထိ ဝမ္းသာ ၾကည္ႏူး ပီတိျဖစ္မႈေတြ ခံစားရၿပီး 29ရတနာ ဆိုင္ႀကီး ယခုထက္ပိုမို ေအာင္ျမင္ေစဖို႔ ဆုေတာင္း ေပးေနၾကတာလည္း ျဖစ္ ပါတယ္။

ဖတ္ရႈ႔အားေပးေနတဲ့ ပရိသတ္ႀကီးေတြလည္း ကိုယ္ပိုင္လုပ္ငန္း ထူေထာင္ႏိုင္သူမ်ား ေအာင္ျမင္သူမ်ား ျဖစ္ၾကပါေစ။ လုပ္ငန္းရွင္ေကာင္း တြဲဖက္ေကာင္းမ်ားနဲ႔ ေတြ့ဆံု ႏိုင္ၾကပါေစလို႔ ဆုမြန္ေကာင္း ေတာင္းေပးအပ္ပါသည္ေနာ္။

(Unicodeဖြင့် ဖတ်ရန်)

လစာ 14 သိိန်း ရနေတာကိုအလုပ်ကထွက်ပြီး ကိုယ်ပိုင် ပန်းထိမ်ထောင်တော့မယ့်တပည့် အတွက်
ဂုဏ်ပြု ချီးမြှင့်ငွေ သိန်း 100ချီးမြှင့်ခဲ့တဲ့ 29ရတနာဆိုင်ပိုင်ရှင်

29ရတနာဆိုင် ဆိုတာကတော့ ယခုနှစ်ပိုင်းတွေမှာ တနိုင်ငံလုံး မသိတဲ့သူ မရှိသလောက်ကို ကျော်ကြားလာတဲ့ ရတနာဆိုင်ကြီး တစ်ဆိုင်ပဲ ဖြစ်ပါတယ်နော်။

ရတနာဆိုင်ကြီးကြီး တစ်ဆိုင်ဖြစ်လို့ ကြော်ငြာအား ကောင်းလို့ လူသိများလာတာ ဆိုတာထက် ရတနာဆိုင်ပိုင်ရှင် မောင်နှံရဲ့ စိတ်သဘောထား ကောင်းမှု ဆက်ဆံရေးကောင်းမွန်မှု တို့ကြောင့်

လူပိုသိပြီး ပိုအောင်မြင်လာတာလို့လည်း ဆိုနိုင်မယ် ထင်ပါတယ်နော်။ ဒါ့အပြင် 29ရဲ့ဝန်ထမ်းတွေ သရုပ်ဆောင်ထားတဲ့ စိတ်ကူးကောင်းကောင်းနဲ့ Short Filmလေးတွေကလည်း

သူတို့ရတနာဆိုင် ပေ့ချ်မှာ တင်လေတိုင်း ပရိသတ်ရဲ့ နှစ်သက် အားပေးမှုတွေကို အမြဲရလေ့ ရှိတာကိုလည်း တွေ့မြင် ရပါတယ်။ ယခုလည်း ဒီနိုင်ငံရဲ့ လုပ်ငန်းရှင်နဲ့ ဝန်ထမ်းကြားမှာ

မြင်တွေ့ခွင့် ရနိုင်ခဲသော၊ တွေ့ရခဲသော ဆက်ဆံရေး၊ လုပ်ငန်းရှင် သူဌေးတို့ စံနမူနာ ယူသင့်သော လုပ်ရပ်တစ်ခုကို 29ပိုင်ရှင် ဇနီးမောင်နှံမှ စိတ်စေတနာ ကောင်းမွန်စွာဖြင့် ရှေ့ဆောင် ထမ်းရွက် ပြလိုက် ပြန်ပါတယ်။

 

“လွန်ခဲ့တဲ့ 5 နှစ်ကျော်က တအိမ်ဝင်တအိမ်ထွက် မြန်မာပြည်အနှံ့ စိန်ထည်တွေ ပတ်ရောင်းလာကတည်းက ကိုယ်ပိုင် ပန်းထိမ်ထောင်မယ်ဆိုတဲ့ စိတ်ကူးနဲ့ သင်တပည့် မွေးဖို့ ရေစကြိုက ကလေးတွေ စခေါ်ဖြစ်ခဲ့တယ်ပေါ့။

ကိုယ်ခတ်တဲ့ စိန်ထည် ရွှေထည်တွေကို ရွှေရည်အပြည့်ရချင် စိတ်တစ်ခုတည်းနဲ့ ပန်းထိမ်သာ ထောင်ချင်တာ တကယ်တော့ ကျွန်တော်က ပန်းထိမ်မလုပ်တတ်ဘူးရယ်။

အဲ့ဒီတော့ တခြား ပန်းထိမ်ဖိုမှာ သင်တန်းကြေးပေး စပေါ်ငွေပါ စိုက်ပေး သင်တပည့် ကလေးတွေကို နေရေးထိုင်ရေး စားရေး သွားရေးကအစ အကုန်အကျခံ သင်တန်းအပ်ပေးခဲ့ရတာ ကုန်ကျစရိတ်အားလုံးပေါင်းရရင် နည်းတာမဟုတ်ဘူး။

 

အဲ့ဒီတော့ အရောင်းသမား သင်တပည့်ဆို တမျိုး၊ ပန်းထိမ် သင်တပည့်ဆို တစ်မျိုး စာချုပ်စာတန်းနဲ့ ကိုသေချာလုပ်ဖြစ်ခဲ့တာ ၊ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့တွေကို ကိုယ့်လိုဘဲ အောင်မြင်စေ ချင်တယ်လေ။

အဓိက စည်းကမ်းက ဘာလဲဆိုတော့ အရက်မသောက်ရ၊ ကွမ်းမစားရ၊ ဆေးလိပ် မသောက်ရ၊ ရည်းစားမထားရ၊ ဖုန်းမသုံးရ ဆိုပြီး လူငယ်တွေကို လမ်းကြောင်းလွဲ ပျက်စီးစေတဲ့ ဒီအချက်တွေကို

သေသေချာလေး Train ပေးဖြစ်ခဲ့တယ်။ ဒီစည်းကမ်းကို ကလေးမိဘတွေက သဘောကျ ကြတယ်။ သူတို့ ကလေးတွေ မပျက်စီးဘူးပေါ့ ဒါပေမဲ့ ကိုယ့်မှာတော့ လူဆိုးထိန်းကြီးကို ဖြစ်လို့။

စည်းကမ်းချိုးဖောက်လို့ မလိုက်နာနိုင်လို့ ပြန်လွှတ်၊ ပြန်သွားရတဲ့သူ တချို့ရဲ့ မိဘတွေက သူတို့သားသမီး အပြစ်မမြင်ဘဲ ကိုယ့်အပေါ် မကောင်း ပြောဆို အပြစ်တင် လက်ညှိုးထိုး ခံခဲ့ရတာတွေ ရှိသလို

ကိုယ့်စည်းကမ်းထဲ ဘောင်ဝင်အောင် နေနိင်တဲ့သူတွေ ကျတော့လည်း ရလာဒ်ကောင်း တွေနဲ့ ပီတိဖြစ်ရတာတွေလည်း မနည်းဘူးပေါ့ဗျာ။ ဒီအထဲမှာ အခုလို အတန်းပညာအားဖြင့် ၃တန်းနဲ့ ကျောင်းထွက်

ကိုရင်ဝတ်ပြီး ၁၆နှစ် ကိုရင်ထွက်တော့မှ ကျွန်တော့်ဆီ ရောက်လာတဲ့ ကိုရင်လူထွက် နိင်လင်းတို့လို့ တကယ် ရိုးသား ကြိုးစား ဘဝနာ အောက်ခြေပါတဲ့ ကလေးမျိုးကျ

ကိုယ်မမွေးထားပေမဲ့ ကိုယ်မွေးထားတဲ့ သားသမီးလို သံယောဇဉ်တွေကိုဖြစ်လို့။ နေစားငြိမ်း လစာ 14 သိန်းလောက် ရနေတာကို စာချုပ် 5 နှစ်ပြည့်ပြီဆိုတော့ ကိုယ်ပိုင်ခွဲလုပ်ချင်တယ်ဆိုတော့

ကိုယ့်မှာ ဝမ်းနည်း ဝမ်းသာ ဖြစ်ရတာပေါ့ဗျာ၊ ဝမ်းနည်းတာက ညာလက်ရုံး ပြုတ်သွားရုံမက ကိုယ်ချစ်တဲ့ သူတွေနဲ့ ခွဲခွါရလို့ ဝမ်းသာတာကတော့

ကျွန်တော်ဖြစ်စေချင်တဲ့ ကိုယ်ပိုင် လုပ်ငန်းရှင် ဖြစ်ချင်တဲ့ သူ့ရဲ့ ဇွဲလုံ့လနဲ့ ကြိုးစားမှုတွေနဲ့ အောင်မြင်မယ်လို့ မြင်လို့၊ အဲ့ဒီတော့ ကိုယ့်တပည့်တွေထဲက ကိုယ့်လို အောင်မြင်တဲ့ လုပ်ငန်းရှင် ၃ဦး

အနည်းဆုံး မွေးထုတ်နိင်ရမယ် ဆိုတဲ့ ကျွန်တော့်ရဲ့ ရည်မှန်းချက်အရ သူထွက်သွားပေမယ့် သူအောင်မြင်ဖို့ ကိုယ့်မှာ တာဝန်မကင်းသေးဘူးလို့ ကိုယ့်ဘာသာ ခံယူထားတာမို့

သူ့ကို ခွန်အားဖြစ်စေဖို့ ဒီ သိန်း ၁၀၀ ကို အစပြုပေးခဲ့ တာပေါ့ဗျာ” လို့ ၂၉ ရတနာပိုင်ရှင်က သူ့ရဲ့လူမူ့ကွန်ရက်စာမျက်နှာမှာ ရေးသားလာ ခဲ့တာကို တွေ့မြင်ရသလို

၂၉ပေချ့်မှာလည်း တကယ်တော်ပြီး တကယ်ထက်မြက်တဲ့ တပည့်ကျော်အတွက် နှုတ်ဆက်ချီးမြှင့်ငွေ သိန်း၁၀၀ Surprise လုပ်ခဲ့တာကို Liveလွှင့်ပြီး ပျော်ရွှင်စွာ ကျင်းပခဲ့ပါတယ်။

မြင်သူတိုင်းကလည်း မျက်ရည်ကျတဲ့ အထိ ဝမ်းသာ ကြည်နူး ပီတိဖြစ်မှုတွေ ခံစားရပြီး 29ရတနာ ဆိုင်ကြီး ယခုထက်ပိုမို အောင်မြင်စေဖို့ ဆုတောင်း ပေးနေကြတာလည်း ဖြစ် ပါတယ်။

ဖတ်ရှု့အားပေးနေတဲ့ ပရိသတ်ကြီးတွေလည်း ကိုယ်ပိုင်လုပ်ငန်း ထူထောင်နိုင်သူများ အောင်မြင်သူများ ဖြစ်ကြပါစေ။ လုပ်ငန်းရှင်ကောင်း တွဲဖက်ကောင်းများနဲ့ တွေ့ဆုံ နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးအပ်ပါသည်နော်။